Monday, February 29, 2016

စားသုံးသူ မိတ်ဆွေအပေါင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

ကျွန်တော်တို့ GOLDEN SEA RESTAURANT ရွှေပင်လယ် စားသောက်ဆိုင်ကို  လာရောက်စားသုံးသူများအား ကျွန်တော်တို့၏ ကျေးဇူးရှင်းများဖြစ်ပါတယ်လို့ ခံယူပါတယ်၊ အခုလိုလာရောက်အားပေးကြတဲ့အတွက် စားသူသုံး ကျေးဇူးရှင်များ ပြောသမျှစူးရှ၊ လုပ်သမျှပြီးစီး၊ ကြံသမျှအောင်မြင်သော သူများဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျား




GOLDEN SEA RESTAURANT မှာ ရပြီ




ကမ္ဘာမှာ လူကြိုက်အလွန်များသော၊ ဟိုတယ်ကြီးများ တွင် ဈေးကြီး စွာ ဖြင့် စားရသည့် ရှားပါး ပင်လယ်စာ တစ်မျိုးဖြစ်သော ပင်လယ်ခရု (၀ါ) ပေါင်းခရု များ ကို GOLDEN SEA မှာ ရရှိနိုင်ပါပြီ။
 
ပေါင်းခရု သုပ်
ပေါင်းခရု ရခိုင်ချက်
ပေါင်းခရု ချဉ်စပ်
ပေါင်းခရု ဟင်းချို



နောက်ရှားပါးဟင်းတစ်မျိုးဖြစ်သော ပင်လယ်စာ ကယုကမာ(၀ါ) ပုလဲကယု လည်း ကျွန်တော်တို့ဆိုင်တွင် ရရှိနေပါပြီ။ 

ကယုကမာ ခေါ် ပုလဲကယု

 

ဝန်ထမ်းအလိုရှိသည်

ဝန်ထမ်းအလိုရှိသည်

===============
ရခိုင်မုန့်တီဟင်းရည်ကို ကောင်းမွန်စွာချက်တတ်ပြီး ရခိုင်မုန့်တီကို အစပ်အဟပ်ညီစွာ သုပ်တတ်သူ (၂) ဦး အမြန်အလိုရှိပါသည်။


လစာ = စားစရိပ်ငြိမ်း (၁ ) သိန်း
ဆက်သွယ်ရန်ဖုန်း - ၀၉၄၂၅၂၈၆၈၈၃ ၊  ၀၉၂၆၁၁၄၄၄၄၁

Saturday, February 27, 2016

ကင်ဆာနှင့် ဒူးရင်းသြဇာ




ကျွန်မတို့မိတ်ဆွေအမျိုးသမီးတစ်ယောက်ကတိုက်ကြီးမှာနေပါတယ်...သူ့မှာသားအိမ်
ကင်ဆာဖြစ်ပြီးဓာတ်ကင်နေရပါတယ်..။သူ့ကိုကျွန်မအဖေကဒူးရင်းသြဇာအရွက်ပြုတ်
သောက်ခိုင်းတာကြားလိုက်ရတယ်..။အတော်ကြာကြာမှာသူနဲ့ထပ်တွေ့တော့သူ
တော်တော်သက်သာနေသလို..သူ့ကင်ဆာရောဂါလဲသက်သာနေတာမြင်ရပါတယ်။
တကယ်တော့ဒူးရင်းသြဇာစွမ်းကြောင်း..
တခြားနိုင်ငံတွေကသုတေသနလုပ်ပြီးဈေးကွက်မှာအရွက်နဲ့ပတ်သတ်တဲ့ဆေး..အသီး
နဲ့ပတ်သတ်တဲ့ဆေးအမျိုးမျိုးတောင် ထုတ်လုပ်ရောင်းချနေကြပါပြီ...ပုံတွေကိုလေ့လာ
နိုင်ရန်တင်ပေးလိုက်ပါတယ်...။တကယ့်ဝေဒနာရှင်များ တွေ့ရှိပြီး အနာနဲ့ဆေးတည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။


ကင်ဆာနှင့် ဒူးရင်းသြဇာ

ရွှေပင်လယ် စားသောက်ဆိုင်မှ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။






လူကြီးမင်းနှင့်မိသားစုများအတွက် သဘာဝအရသာအမှန်အတိုင်း  ယုံကြည်စိတ်ချစွာ စားသောက်နိုင်ရန် မြန်မာ့ပင်လယ်ပြင်ထွက် ပင်လယ်စာများကို အရည်အသွေးလတ်ဆတ်မှု၊(၁၀၀%) အာမခံပြီး အသင့်တော်ဆုံးသော ဈေးနှုန်းဖြင့်  Golden sea  Restaurant ရွှေပင်လယ်စားသောက်ဆိုင်မှ ရောင်းချပေးနေပါပြီ။
ရခိုင်မုန့်တီ၊ ရခိုင်အစားအစာများနှင့်၊ ပင်လယ်စာ ကောင်းကောင်းစားချင်သူများ၊ အလှူဒါနပြုလုပ်လိုသူများနှင့် မိသားစုမိတ်ဆွေများအား ကောင်းမွန်စွာ ကျွေးမွေးဧည့်ခံလိုသူများအတွက် ရွှေပင်လယ်စားသောက်ဆိုင်မှ သန့်ရှင်းလတ်ဆတ်မှု (၁၀၀%)  အာမခံစွာဖြင့် ပင်လယ်စာများကို ရောင်းချပေးနေပါပြီဖြစ်ပါ၍ လူကြီးမင်းများနှင့် မိတ်ဆွေအပေါင်းအသင်း ညီအကိုမောင်နှမများကို လာရောက်သုံးဆောင်ကြပါလို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။ 

လိပ်စာကတော့ 
အမှတ် (၁၇၈) ဗိုလ်ချုပ်လမ်းနှင့် ကျောက်စိမ်းလမ်းဒေါင့်၊ (၅/၇) ရပ်ကွက်၊ ရွှေပြည်သာမြို့၊ ရန်ကုန်တိုင်း။

Tuesday, February 16, 2016

ရွှေပင်လယ်စားသောက်ဆိုင်၏ ကျယ်ဝန်းသော နောက်ဖေးချက်ပြုတ်ရေးမြင်ကွင်းများ

ရွေပင်လယ် စားသောက်ဆိုင်သည် စားသုံးသူများအတွက် စားသောက်ဖွယ်ရာများကို ပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းမှုရှိစေရန်၊ လတ်ဆတ်မှုရှိစေရန်အထူးအလေးထားဂရုပြုပါသည်။ ၄င်းအပြင် ချက်ပြုတ်ရတွင်လည်း ရှုတ်ထွေးမှု၊ နေရာကျပ်တည်းမှုမဖြစ်စေရန် ချက်ပြုတ်မီးဖိုဆောင်များကို ကျယ်ဝန်းစွာ ပြုလုပ်ထားသည်အတွက် ချက်ပြုတ်ရေးပစ္စည်းများကို သူ့နေရာနှင့်သူ စနစ်တကျထားကာ စားသုံးသူများအတွက် ချက်ပြုတ်နေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။




ရွှေပင်လယ် စားသောက်ဆိုင် အပြင်အဆင်များ